Sunday, December 18, 2011

LG -SU370 တွင် Root လုပ်ခြင်းနှင့် မြန်မာစာ Font သွင်းခြင်း

LG-SU370 ကို Root လုပ်ရန်အတွက် Eris Root,Z4Root တို့နှင့် အဆင်မပြေပါ GingerBreak-v1.20.apk လေးနဲ့မှ အဆင်ပြေသွားပါတယ်။ ပထမဦးစွာ GingerBreak-v1.20.apk လေးကို download ဆွဲပြီး ဖုန်းထဲကို install လုပ်လိုက်ပါ။ ပြီးရင် run လိုက်ပါ root လုပ်ဖို့ရန် root device ကိုေ၇ွးပေး မိနစ်အနည်းငယ်ကြာရင် reboot လုပ်သွားပြီးပြန်တက်လာရင် superuser ပုံလေး ကို တွေ့ရင်အောင်မြင်သွားပါပြီ။ 

မြန်မာ Font ပေါ်ရန်အတွက်ကတော့ Root Explore ရယ် ဇော်ဂျီဖောင့် zawgyi.ttf ရယ် လိုအပ်ပါတယ်။ zawgyi.ttf ကို sd ကဒ်ထဲမှာ ထည့်ထားပေးပါ။ ပြီးရင် Root explore ကို install လုပ်ပြီး run ပေးပါ super user request မေးလာရင် Allow ပေးလိုက်ပါ။ Mounted as R/O သို့ထားပြီး  sd ကဒ်အောက်မှ zawgyi.ttf ကို system အောက်က Fonts အောက်မှ copy လုပ်ပေးပါ။ ပြီးရင် DroidSansFallback.ttf ကို ခဏကြာဖိနှိပ်ထားပြီး rename မှ DroidSansFallback.ttf1 သို့ပြောင်းပါ zawgyi.ttf ကို  DroidSansFallback.ttf သို့ပြောင်းပြီး ဖုန်းကို reboot လုပ်ပြီးရင် မြန်မာတွေ့မြင်ရမှာ ဖြစ်ပါတယ်။ စာရိုက်ဖို့ရန်အတွက်ကတော့ keyboard တခုခု install လုပ်ပြီး  Setting>Lenguage and Keyboard အောက်ကို ၀င်ပြီး မိမိသွင်းလိုက်တဲ့ ကီးဘုတ်ကို အမှန်ခြစ်ပေး  Select Input Method ကိုနှိပ်ပြီး ရွေးပေးလိုက်ရင်ရပါပြီ။
Myanmar Keyboard
GingerBreak-v1.20.apk
Root.Explorer.v2.14.2.apk
Zawgyi.ttf