Sunday, December 18, 2011

LG -SU370 တွင် Root လုပ်ခြင်းနှင့် မြန်မာစာ Font သွင်းခြင်း

LG-SU370 ကို Root လုပ်ရန်အတွက် Eris Root,Z4Root တို့နှင့် အဆင်မပြေပါ GingerBreak-v1.20.apk လေးနဲ့မှ အဆင်ပြေသွားပါတယ်။ ပထမဦးစွာ GingerBreak-v1.20.apk လေးကို download ဆွဲပြီး ဖုန်းထဲကို install လုပ်လိုက်ပါ။ ပြီးရင် run လိုက်ပါ root လုပ်ဖို့ရန် root device ကိုေ၇ွးပေး မိနစ်အနည်းငယ်ကြာရင် reboot လုပ်သွားပြီးပြန်တက်လာရင် superuser ပုံလေး ကို တွေ့ရင်အောင်မြင်သွားပါပြီ။ 

မြန်မာ Font ပေါ်ရန်အတွက်ကတော့ Root Explore ရယ် ဇော်ဂျီဖောင့် zawgyi.ttf ရယ် လိုအပ်ပါတယ်။ zawgyi.ttf ကို sd ကဒ်ထဲမှာ ထည့်ထားပေးပါ။ ပြီးရင် Root explore ကို install လုပ်ပြီး run ပေးပါ super user request မေးလာရင် Allow ပေးလိုက်ပါ။ Mounted as R/O သို့ထားပြီး  sd ကဒ်အောက်မှ zawgyi.ttf ကို system အောက်က Fonts အောက်မှ copy လုပ်ပေးပါ။ ပြီးရင် DroidSansFallback.ttf ကို ခဏကြာဖိနှိပ်ထားပြီး rename မှ DroidSansFallback.ttf1 သို့ပြောင်းပါ zawgyi.ttf ကို  DroidSansFallback.ttf သို့ပြောင်းပြီး ဖုန်းကို reboot လုပ်ပြီးရင် မြန်မာတွေ့မြင်ရမှာ ဖြစ်ပါတယ်။ စာရိုက်ဖို့ရန်အတွက်ကတော့ keyboard တခုခု install လုပ်ပြီး  Setting>Lenguage and Keyboard အောက်ကို ၀င်ပြီး မိမိသွင်းလိုက်တဲ့ ကီးဘုတ်ကို အမှန်ခြစ်ပေး  Select Input Method ကိုနှိပ်ပြီး ရွေးပေးလိုက်ရင်ရပါပြီ။
Myanmar Keyboard
GingerBreak-v1.20.apk
Root.Explorer.v2.14.2.apk
Zawgyi.ttf

Sunday, December 11, 2011

samsung Galaxy Gio ဖုန်းများတွင် Flash player ထည့်သွင်းနည်း

samsung Galaxy Gio ဖုန်းများတွင် online video (eg.www.shwedream.com)များ ကြည့်ရှုနိုင်ရန် ပြုလုပ်နည်းလေးဖြစ်ပါသည်။ Gio ဖုန်းများတွင် flash player install လုပ်ထားသော်လည်း online movie များကြည့်မရသည်ကိုဖြေရှင်းရန်အတွက် နည်းလမ်းလေးပါ။ ဦးစွာဖုန်းကိုတော့ root လုပ်ထားဖို့ လိုအပ်ပါတယ်။
Flash player နှင့် Root Explore မရှိပါက -
 (၁) flash player နှင့် root explore ကို down ပြီး ဖုန်းတွင် install လုပ်ပါ
 (၂) lib.zip ကို down ပါ။ zip ဖိုင်ကို ဖြည်ပြီး Lib ဖိုင်ကို sd ကဒ် ထဲ သိမ်းပေးပါ။
 (၃) rootexplore  ကို  open ပြီး ရှေးဦးစွာ Mount R/W ကိုနှိပ်ပြီး Mount R/O သို့ပြောင်းပေးပါ။ ပြီးရင် data>data>com.adobe.flashplayer file အောက်ကို အဆင့်ဆင့် ၀င်ရောက်သွားပါ။ com.adobe.flashplayer အောက်ကိုရောက်ရင် lib ဖိုင်ကို ကြာကြာဖိထားပြီ delete ကိုရွေး ပြီးဖျက်လိုက်ပါ။ ပြီးရင် ရှေ့ကိုပြန်သွားပြီး(Mount R/W ကိုနှိပ်ပြီး Mount R/O သို့ပြောင်းတဲ့နေရာ) sd ကဒ်အောက် lib ဖိုင်ကို copy လုပ်ပြီး ခုနက com.adobe.flashplayer ဖိုင်အောက်မှာ paste လုပ်ပေးပါ။ ပြီးရင် ခုနက ကူးလိုက်တဲ့ lib ဖိုင်ကိုကြာကြာနှိပ်ထားပြီး permission ကိုေ၇ွးကာ အမှန်ခြစ်အားလုံး ခြစ်ပေးပါ။ ပြီးရင် ဖုန်းကို restart လုပ်ပေးပါ။ restart လုပ်ပြီး ပြန်တက်လာရင်တော့ online flash video ကို ကြည့်လို့ရပါပြီ။

Samsung Galaxy Gio shw-m290k root လုပ်နည်း

samsung galaxy Gio shw-m290k ဖုန်းကို root လုပ်ဖို့ တော်တော်များများ tool များနှင့် ကြိုးစားခဲ့သော်လည်း ဒီကောင်လေးနဲ့မှ အဆင်ပြေသွားပါတယ်။ တခြားအသုံးပြုလိုသူများ ရှိပါက အသုံးပြုနိုင်ရန်ပြန်လည်မျှဝေလိုက်ပါတယ်။ Root လုပ်ရန်အဆင့်တွေကတော့...
(၁) GB-rooting-Gio.zip ဖိုင်လေးကို download ဆွဲပြီး ဖုန်းရဲ့ SD ကဒ်ထဲမှာ သိမ်းပေးပါ။
(zip ဖိုင်ကိုဖြည်ရန်မလို)
(၂) ဖုန်းကို power ပိတ်ပြီး Recovery mode မှ install လုပ်ရမှာဖြစ်သည့်အတွက် volume+ ရယ် Home     key  ရယ်ကိုတွဲနှိပ်ပြီး power ခလုပ်ကို recovery mode တက်လာသည်အထိနှိပ်ထားပေးပါ။ recovery mode တက်လာပါက vol + and - ကိုအသုံးပြုပြီး update from SD card ကိုရွေးချယ်ပေးပါ။ Home key ကိုသုံးပြီးအတည်ပြုပေးပါ။ SD card ထဲမှ data တွေမြင်ရပြီဆိုလျှင် GB-rooting-Gio.zip ကို vol key ကိုသုံးပြီးေ၇ွးချယ်ပါ။ Home key ကိုသုံးပြီး အတည်ပြုပေးပါ။ ဒါဆိုရင် install လုပ်ပြီး restart ကျသွားပါလိမ့်မည်။ ဖုန်းပြန်တက်လာလို့ မိမိ ဖုန်းထဲမှ super user ပုံလေးတွေ့ရင် အောင်မြင်သွားပါပြီ။

MobileGo Android phone Manager

Android phone တွေကို PC နှင့် USB/WIFI တို့မှချိတ်ဆက်ပြီး backup and Data transfer လုပ်နိုင်တဲ့ Softwre လေးပါ။ Application တွေကိုလဲ ဒီ software မှတဆင့်တိုက်ရိုက် install လုပ်နိုင်ပါတယ်။ Nokia Pc suite တို့လို့ contact,Massage တို့ကိုလဲ Backup လုပ်နိုင်တဲ့အတွက်တော်တော်အဆင်ပြေပါတယ်။  အသုံးပြုနည်း အဆင့်ဆင့်ကိုကြည့်လိုရင် မူရင်း ၀က်ဆိုက် ကို လင့်လုပ်ပေးလိုက်ပါတယ်။

Download