samsung galaxy Gio shw-m290k ဖုန်းကို root လုပ်ဖို့ တော်တော်များများ tool များနှင့် ကြိုးစားခဲ့သော်လည်း ဒီကောင်လေးနဲ့မှ အဆင်ပြေသွားပါတယ်။ တခြားအသုံးပြုလိုသူများ ရှိပါက အသုံးပြုနိုင်ရန်ပြန်လည်မျှဝေလိုက်ပါတယ်။ Root လုပ်ရန်အဆင့်တွေကတော့...
(၁) GB-rooting-Gio.zip ဖိုင်လေးကို download ဆွဲပြီး ဖုန်းရဲ့ SD ကဒ်ထဲမှာ သိမ်းပေးပါ။
(zip ဖိုင်ကိုဖြည်ရန်မလို)
(၂) ဖုန်းကို power ပိတ်ပြီး Recovery mode မှ install လုပ်ရမှာဖြစ်သည့်အတွက် volume+ ရယ် Home key ရယ်ကိုတွဲနှိပ်ပြီး power ခလုပ်ကို recovery mode တက်လာသည်အထိနှိပ်ထားပေးပါ။ recovery mode တက်လာပါက vol + and - ကိုအသုံးပြုပြီး update from SD card ကိုရွေးချယ်ပေးပါ။ Home key ကိုသုံးပြီးအတည်ပြုပေးပါ။ SD card ထဲမှ data တွေမြင်ရပြီဆိုလျှင် GB-rooting-Gio.zip ကို vol key ကိုသုံးပြီးေ၇ွးချယ်ပါ။ Home key ကိုသုံးပြီး အတည်ပြုပေးပါ။ ဒါဆိုရင် install လုပ်ပြီး restart ကျသွားပါလိမ့်မည်။ ဖုန်းပြန်တက်လာလို့ မိမိ ဖုန်းထဲမှ super user ပုံလေးတွေ့ရင် အောင်မြင်သွားပါပြီ။
No comments:
Post a Comment